စာရေးဆရာ မောင်မိုးယံ၏ "လူငယ်နှင့်…အနာဂတ် ဘဝမြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

မြင်းခြံ  ဖေဖော်ဝါရီ   ၂၇

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ အချိန်က       "အောင်ပြည့်စုံ"ဘော်ဒါနှင့် နေ့အထူးကျောင်းမှ ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့် က စာဖတ်ဝိုင်းများကို အမြဲမပြတ် ပြုလုပ်ပေးနေကြောင်း ယခုလို ပြုလုပ်ပေးရခြင်းမှာ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် မှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ ဦးသိဏ်းသန်းအောင် က စာရေးဆရာ မောင်မိုးယံ၏ "လူငယ်နှင့်…အနာဂတ် ဘဝမြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/သူ တစ်ဦးချင်းစီက စာအုပ်ပါအခန်းစဉ်အလိုက် အကြောင်း အရာများကို ဆွေးနွေးခြင်း ကိုယ်ပိုင်ယူဆမှုများကို ရှင်းလင်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။ ထိုသို့ ကျောင်းသား/သူ များ၏ ဆွေးနွေးမှုများကို စာရေးဆရာ အသင်းနှင့် Book Club အသင်း ဥက္ကဋ္ဌ ဦးသိဏ်းသန်းအောင်နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးခင်မောင်အေး၊ ဦးဌေးစိုး၊ ဦးကျော်ကျော်ခိုင်၊ ဒေါ်လွင်လွင်ဦးတို့မှ ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြပြီး ဒေါ်လွင်လွင်ဦးမှ ကျောင်းသား/သူ များကို ဗလာစာအုပ်နှင့် ဘော့ပင်များ လက်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယခုလို စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းမှာ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်စာပေများ ဖတ်ရှုရာ၌ မိမိတို့အတွက် အကျိုးရှိစေမည့် အကြောင်းအရာများ ရွေးချယ် ဖတ်ရှုနိုင်စေရန်နှင့် မှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စာဖတ်ဝိုင်းသို့ မြင်းခြံမြို့နယ် Book Club အသင်းဝင်များ၊ "အောင်ပြည့်စုံ" ဘော်ဒါနှင့် နေ့အထူး ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)