စဉ့်ကူးမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စဉ့်ကူး၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်ပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်များရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းနှင့် တာဝန်ရှိသူတို့က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် သာယာကုန်း၊ လက်ဆည်ဦး၊ ညောင်ပင်သာ၊ ရွှေလှေ၊ ချောင်းဝ၊  ခက်သင်၊ ကျောက်တိုင်၊ ဆည်ကြီး၊ တံတားဦး၊ ရေချမ်း၊ ထီးကုန်း၊ ဇီးကုန်း၊ ဆင်ကျွန်း၊ ဟင်္သာမရွာသစ်၊ ရွှေဂုံတိုင်(၁)၊ ငါးအိမ်ထောင်၊ ငှက်စား၊ ပင်လယ်ကြီး၊ ပျဉ်းပင်၊ ဒိုးနွယ်၊ မြကန်သာ၊ ထုံးကြီးကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ တို့ထံသို့ ခွင့်ပြုရန်ပုံငွေများ ပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)