ထန်းတပင်၌ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးပွဲ(၂၀၁၉)ကို ယနေ့ နံနက်ပိုင်း တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မတ္တရာမြို့နယ် ဆင်ကုန်းကျေးရွာ (၁၇၆) ကျေးရွာမြောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဥဒိန်ကျေးရွာအုပ်စု ဆင်ကုန်းကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၄၅)ခုကို မြို့ပေါ်ရပ်ကွက်(၅)ခုတွင်ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၄၅)ခုကို မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် ဆောင်ရွက်နေကြောင်း ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်ခင်ခင်ဌေးထံမှသိရသည်။

ငါ့သရောက်မြို့ ဗိုလ်ချိုခန်းမ၌ ပြည်သူ့စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ချိုခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ပြည်သူ့စကားဝိုင်းကျင်းပခဲ့ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အများပြည်သူများ အသက်အန္တရာယ် ဥစ္စာပစ္စည်းဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသခြင်းကို ယနေ့နံနက်၁၀နာရီအချိန်က ဌာနဆိုင်ရာ ရုံးများ စက်သုံးဆီအရောင်းဆိုင်များ မြို့ပေါ်ရပ်ကွက်များအားသွားရောက်ကာ မီးဘေးဆိုင်ရာအကြံပြုစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့ခံစာရေးဆရာကြီးများနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ စာပေချစ်မြတ်နိုသူများအဖွဲ့(Book Club)တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၉)နာရီခွဲတွင် စာရေးဆရာ ဖေမြင့်ရေးသားထားသည့် “ဘဝတစ်သက်တာရသစာများ” စာအုပ်ပါ အကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။

လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာမောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစား စိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့မှ ပူးပေါင်းကျင်းပသည့် စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိမြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဒေါက်တာ မတင်ဝင်း၏ “ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ ဒေါက်တာမတင်ဝင်း ၏ “ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။

မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု တောင်ငူမြို့၌ ဖြစ်ပွား

တောင်ငူမြို့နယ်၊ (၁၉) ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေးရှိ ဆည်းဆာပရိဘောဂဆိုင်၌ ယနေ့ နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to