ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ကော့မှူး ဖေဖော်ဝါရီ ၂၇

ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျား စာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးရွာရှိကျောင်းများအရောက် ရွေ့လျားစာကြည့်တိုက် ယာဉ်နှစ်စီးဖြင့် အခမဲ့လိုက်လံငှားရမ်းဆောင်ရွက်ပေးနေကြောင်းသိရသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်ကားများသည် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ(၂၆)ရွာ၊ Sub Centre(၁၈)ခုနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မှုလတန်းလွန်နှင့် မှုလတန်း ကျောင်းပေါင်း(၃၀)ကျောင်းအထိ ရွေ့လျားယာဉ်နှစ်စီးဖြင့် လိုက်လံငှားရမ်း‌ ဆောင်ရွက် ပေး‌နေပြီး စာငှားကဒ်တစ်ခုလျှင် နှစ်အုပ်နှူန်းဖြင့် ရက်သတ္တပတ်နှစ်ပတ်ကြာ ငှားရမ်းနိုင်ပြီး နှစ်ပတ်ပြည့်ပါက စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်း‌ပေးပြီး အသင်းဝင်လိုသူများကိုလည်း စာငှားကဒ်များ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ပြန်ကြားရေးပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် လူငယ်လူရွယ်များ စာပေနှင့် ရင်နှီးပြီး စာအုပ်စာစောင်များ လေ့လာဖတ်ရူနိုင်စေရန်အတွက် ရွေ့လျားစာကြည့်တိုက် ယာဉ်တစ်စီးလျှင် သုတရသ ၂၀၀၀ ကျော်ဖြင့် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ လွယ်လင့်တကူ လေ့လာငှားရမ်းဖတ်ရူနေနိုင်ရန် အစိုးရရုံးပိတ်ရက်မှအပ လိုက်လံငှားရမ်း‌ ပေးနေကြောင်းတွေ့ရသည်။

ကျော်သူရ (ကော့မှူး)