မင်းသုဝဏ် ဖောင်ဒေးရှင်းမှ ဖိုးကြာဇံခန်းမ (Community Centre)တွင် အခမဲ့အခြေခံ ကွန်ပျူတာ သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မင်းသုဝဏ်ဖောင်ဒေးရှင်းမှ အခမဲ့ အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့မနက်(၉)နာရီက ထန်းတောကျေးရွာ မြို့ဦးထိပ်ရှိ ဖိုးကြာဇံခန်းမ (Community Centre)တွင်ကျင်းပခဲ့သည်။

ရွှေဘိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအား ကျပ်သိန်း(၅၀၀)ကျော် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ကျပ်သိန်း(၅၁၇၉၃၀၀)ကျပ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေဘိုမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

မိုးညှင်းမြို့ စည်ပင်သာယာဈေးအတွင်း (FDA)မှ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် အစားသောက်များအား စစ်ဆေး

ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ မိုးညှင်းမြို့ စည်ပင်သာယာ ဈေးအတွင်း ရောင်းချနေသော အစားအသောက်များတွင် တားမြစ်ဓာတုဆေးဝါးများနှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုမရှိစေရေးအတွက် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

အဝတ်လျှော်ဆပ်ပြာရည်နှင့် လက်ဆေးဆပ်ပြာထုတ်လုပ်နည်းသင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင် အဝတ် လျှော်ဆပ်ပြာရည်နှင့် လက်ဆေးဆပ်ပြာထုတ်လုပ်နည်းကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆေးဝါးဥပဒေနှင့် ဆေးဝါးရောင်းချမှုဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း ပညာပေးဆွေးနွေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆေးဝါးဥပဒေနှင့် ဆေးဝါးရောင်းချမှုဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း ပညာပေးဆွေး​နွေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုဘိုင်းဖုန်း အပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာမှတ်တမ်း သတင်းပို့ခြင်း မွမ်းမံသင်တန်းဖွင့်လှစ်

Save The Children အဖွဲ့မှ စီစဉ်ကျင်းပသည့် မိုဘိုင်းဖုန်းအပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာ မှတ်တမ်းသတင်းပေးပို့ခြင်း မွမ်းမံသင်တန်းကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း (၁၀) နှစ်ပြည့် ကလေးများနှင့် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြရာ ၂၀၂၀ ခုနှစ်အထိ ရပ်ကွက်တိုင်းနှင့် ကျောင်းများတွင် အနည်းဆုံး (၂)ကြိမ်ထက်မနည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများစွာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ခဲ့ကြပြီဖြစ်သည်။

ကောလင်းမြို့နယ်တွင် စာစစ်ဌာန (၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ (၂၅၇၅) ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၅၇၅ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြိုင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန အစီအစဉ်ဖြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်သော နွေရာသီအားကစားသင်တန်းများကို မြိုင်မြို့ မြို့နယ်အားကစားကွင်းတွင် သင်ကြားသွားမည် ဖြစ်သည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) တွင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးက စီစဉ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည်အဝ ရရှိနိုင် ရန်နှင့်အခွင့်အရေးများအပေါ် အသိအမှတ်ပြု နာလည်လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မှုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများ ပိုမိုသိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လူမူရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။
Subscribe to