ဘုတလင်မြို့နယ်တွင် NEP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နှင့်ဆက်သွယ်မည့် ကျေးလက်ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး Budget ဖြင့် ဆောင်ရွက်နေသည့် ခရမ်း - ကရင်ကန် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းကျင်းနေမူ များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့သည်။

ဖာပွန်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပမည်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှု​ရေးအသင်းအဖွဲ့များပူးပေါင်း၍ "ကြိုတင်ကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်" ခေါင်းစဉ် ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ မတ်လ ၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ကွန်ပျုတာ သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကွန်ပျုတာသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအဝေးကို လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် လူငယ်ရေးရာကော်မတီ အစည်းအ‌ဝေးကို ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးရုံးခန်း၌ ကျင်းပသည်။

ဒဂုံမြို့နယ်၌ အသက်(၅)နှစ်အောက်ကလေးများအား ဘီတာမင်အေတိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် နိုင်ငံတော်ကာကွယ်ရေးဝင်းအတွင်းရှိ အသက်(၆)လမှစ၍ (၅)နှစ်အောက်ကလေးများ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကင်းဝေစေရန်နှင့် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရန်အတွက် ဗီတာမင်အေ၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးခြင်းတို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူ သုံးဦးလူရည်ချွန်ရွေးချယ်ခြင်းခံရ

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာအဆင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူများစာရင်းကို သက်ဆိုင်ရာမှထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်မှ ကျောင်းသားသုံးဦး ရွေးချယ်ခံရကြောင်း သိရှိရသည်။

မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပုလဲမြို့နယ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး အတွက် မြေနေရာ သတ်မှတ်ရွေးချယ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၅၀ ကျော်ဖြင့် တစ်ထပ်ကျောင်းဆောင်သစ်များကို ဆောက်လုပ်မည်ဖြစ်ရာ ‌ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် က မြို့နယ်ပညာရေးမှူး ပညာရေးမှူး ဦးဝင်းရွှေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းတို့သည် ပြည်ကမ္ဘာကျော်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ရွာသာ (ညို့တုံ) ကျေးရွာအုပ်စု၊ ရွာထင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာရွေးချယ် တိုင်းတာခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်စီမံကိန်း ချေးငွေအား ပဉ္စမအကြိမ်မြောက်ထုတ်ချေးပေး

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု၊ ပျဉ်း၀ကျေးရွာ ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ကျေးရွာအဆင့် သုံးသပ်ဆွေးနွေးခြင်းနှင့် မြစိမ်းရောင် စီမံကိန်းချေးငွေကျပ် (၄၆၆) သိန်းအား ပဉ္စမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to