တောင်ဥက္ကလာပမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန် ဇန်နဝါရီ ၁၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၏ ပုလဲဆောင် (၇၀ပေ×၃၀ပေ) RCC (၃)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။