သာသနစက္ကပ္ပဝတ္တက အသင်းကြီးမှ (၂၁)ကြိမ်မြောက် သာသနာလင်္ကာရ အကျော် စာတော်ပြန်ပွဲ အောင်လက်မှတ် ချီးမြှင့်ပွဲကျင်းပ
ပခုက္ကူ ဇန်နဝါရီ ၁၀
ပခုက္ကူမြို့ မြို့မလမ်း သာသနာ့ဗိမာန်တွင် သာသနစက္ကပ္ပဝတ္တက အသင်းက ကျင်းပသော(၂၁) ကြိမ်မြောက် သာသနာလင်္ကာရ အကျော်စာတော်ပြန်ပွဲ အောင်လက်မှတ်ချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်၁နာရီက ကျင်းပသည်။
ရှေးဦးစွာ မဟာဝိဇယရာမ ပါဠိတက္ကသိုလ် (အရှေ့တိုက်) တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ က သာသနာတော် စက်ရဟတ်လည်သကဲ့သို့ သာသနာတော်အား အမြဲတစေ စောင့်ရှောက်နိုင်ရန် ရည် ရွယ်၍ စာတော်ပြန်ပွဲ ကျင်းပပေးထားသော အသင်းသား၊ အသင်းသူများ လှူဒါန်းမှုပြုကြသော ဒါယကာ၊ ဒါယိကာမများအား သာဓုအနုမောဒနာ တရားချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။