နာဂရိုးရာလက်မှုအထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများရောင်းချပေးမည်
လဟယ် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇန်နဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှုအထည် ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။