မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ပွဲကျင်းပ
ပုလဲ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအုပ်စု၊ သရက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေကြီးကြပ်မှု ကော်မတီရွေးချယ်ပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။