တာမိုးညဲ ဇန်နဝါရီ ၁၀
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ (၁)နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိမည့် စာအုပ်၊ စာပေများ လေ့လာဖတ်ရှုကြရန်၊ စာဖတ်ရှိန်မြင့်မားပြီး အမှား၊ အမှန်များ ဝေဖန်ပိုင်းခြား ခွဲခြားတတ်လာစေရန်နှင့် စာကြည့်တိုက်များနှင့် ပိုမိုးရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး စာရေးဆရာမင်္ဂလာဈင်အောင်၏ “ပညာလိုအိုသည်မရှိ”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများက ပုံပြောပြိုင်ပွဲ ယှဉ်ပြိုင်ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အလှူရှင်တစ်ဦးမှ မုန့်များပေးဝေ၍ အကောင်းဆုံး ယှဉ်ပြိုင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးကြည်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)