(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ စတင်ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၉

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှစ၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး ခန်းမတို့၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် ပြည်သူ့စကားဝိုင်းကျင်းပ

ဆိပ်ဖြူ  ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဂွေးပင်ကျေးရွာအထက်တန်းကျောင်း တွင် ပြုလုပ်သည်။

စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ရေးသူဖတ်သူဆွေးနွေးပွဲစကားဝိုင်းရွှေဘို၌ ကျင်းပ

ရွှေဘို    ဇန်နဝါရီ   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အမှတ် ၃ ရပ်ကွက်ရှိ ရန်ကြီးအောင် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ ညနေ ၆ နာရီအချိန်က ရွှေဘိုမြို့နယ် စာရေးဆရာအသင်းနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပူးပေါင်းကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ရေးသူဖတ်သူ ဆွေးနွေးပွဲစကားဝိုင်းကို ကျင်းပခဲ့သည်။

သာကေတမြို့နယ်တွင်(၁၇)ကြိမ်မြောက်သက်မွေး အိမ်တွင်းမှုပညာ(အခမဲ့)သင်တန်းဖွင့်လှစ်မည်

ရန်ကုန်  ဇန်နဝါရီ   ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ အမျိုးသမီးများတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ်၍(၁၇)ကြိမ်မြောက် သက်မွေးအိမ်တွင်းမှုပညာ (အခမဲ့)သင်တန်းအဖြစ် ခြင်ပြေးဖျန်းဆေးရည်ပြုလုပ်နည်းသင်တန်းကို ဇန်နဝါရီလ (၁၁)ရက်နေ့၌ နံနက်(၉)နာရီမှနေ့လယ် (၁:၃၀)အထိ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ဆရာမဒေါ်ကျင်မြိုင်မှ အခမဲ့သင်ကြားဖွင့်လှစ်မည်ဖြစ်သည်။

ကလေးစာပေပွဲတော်(လပွတ္တာ) ပိတ်ပွဲကျင်းပ

လပွတ္တာ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော လပွတ္တာမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက လပွတ္တာမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။

ရန်ကင်းမြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး (sticker) များကပ်ခြင်းဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ  ၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်သောနယ်မြေအဖြစ်ဆောင်ရွက်ရန်အတွက် ပြည်သူ့ကျန်းမာရေးဖောင်​ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်ချက် အသိပညာပေး (sticker) များအား အများပြည်သူမြင်သာသည့် နေရာများတွင် လိုက်လံကပ်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင် စစ်ဆေးသည့်ပုံစံများမေးမြန်း ဖြည့်စွက်ခြင်း လုပ်ငန်းစဉ်များကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်မှ ၁၂ နာရီ အချိန်ထိ မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၊ ရေပေါ်လေးကျေးရွာတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး   ဇန်နဝါရီ   ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရေပေါ်လေးကျေးရွာတွင် မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်အသိ ပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရေပေါ်လေးကျေးရွာ၊ အထက်တန်း ကျောင်းခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မအူပင် ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

Subscribe to