သမဝါယမတက္ကသိုလ်(စစ်ကိုင်း) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

 

စစ်ကိုင်း  ဇန်နဝါရီ     ၁၀

သမဝါယမတက္ကသိုလ်(စစ်ကိုင်း) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြား/စီမံဌာန မှူးများနှင့် ပထမနှစ်သင်ကြားမည့် ဆရာ/ ဆရာမများအား မောင်မယ်သစ်လွင်များနှင့် မိတ်ဆက်ပေးခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (အ.မ.က) အလယ်ချောင်းအောက်ကျေးရွာတွင် ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

လိပ်သို   ဇန်နဝါရီ     ၁၀

ကရင်ပြည်နယ်၊ လိပ်သိုမြို့ အလယ်ချောင်းအောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ (၉) နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ သံတောင်ကြီးမြို့နယ် လက်ထောက်ပညာရေးမှူး ဒေါ်အေးခိုင်ခိုင်ဆွေ၊ အလယ် ချောင်းအထက်ကျေးရွာ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြစန်းသီတာ၊ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဇော်ဝမ်းတို့က အမှာစကားများ အသီးသီးပြောကြားပေးပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

အမျိုးသမီးဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဟာခါးမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်

 

ဟားခါး   ဇန်နဝါရီ  ၁၀

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် အဖွဲ့ ဝင်များသည် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့နယ် ဆတ္တားကျေးရွာနှင့် လောက်လုံကျေးရွာတို့သို့ ရောက်ရှိ၍  ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

အမေနေ့ အထိမ်းအမှတ် ကျော်ရွာကျေးရွာတွင် ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

 

အင်းတော်    ဇန်နဝါရီ   ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျန်တောကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာတွင် ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က ကျော်ရွာကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ် ကုလကျေးရွာ အ.ထ.က(ခွဲ)၌ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိ ပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

ငါန်းဇွန်   ဇန်နဝါရီ   ၁၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကုလကျေးရွာအုပ်စု ကုလကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး၊ စာဖတ်သည့်အလေ့အထ၊ အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင် ပြပွဲနှင့် အသိပညာပေးဆွေနွေးဟောပြောပွဲ ကျင်းပသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့နှင့် တွေ့ဆုံပွဲ အခမ်းအနား ထားဝယ်မြို့၌ ကျင်းပ

ထားဝယ်   ဇန်နဝါရီ  ၉

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိုလာမီးဖွင့်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား တွန်းဇံမြို့၌ ကျင်းပ

တွန်းဇံ   ဇန်နဝါရီ ၉

ဆိုလာမီးဖွင့်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို တွန်းဇံမြို့ ပြည်သူ့ ဆေးရုံခန်းမတွင် ယနေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပခဲ့သည်။

မိုးကုတ်မြို့နယ် ပိတ်စွယ်နယ်မြေ (၂)ရပ်ကွက်တွင် နေအိမ် ၁၂ လုံး မီးလောင်မှုဖြစ်ပွား

မိုးကုတ်  ဇန်နဝါရီ   ၉ ရက်

မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု ပိတ်စွယ်နယ်မြေ (၂)ရပ်ကွက်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ကာလိမြို့၌ ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

ကာလိ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်း ပြည်ထောင်စုလမ်းမကြီး၌  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ကာလိမြို့၊လွိုင်ဆိုင်ကျေးရွာတွင် ပြည်သူ့စကားဝိုင်း ကျင်းပ

ကာလိ  ဇန်နဝါရီ  ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပူးပေါင်း၍  “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ( Public Talk ) ကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ဝမ်ပတ်ကျေးရွာအုပ်စု၊  လွိုင်ဆိုင်ကျေးရွာ (ဘုန်းကြီးကျောင်း) ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

Subscribe to