တန့်ယန်းမြို့နယ်တွင် (COVID-19) အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အလှူငွေပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် (COVID-19)အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။