မိုင်းဖြတ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကိုရိုနာဗိုင်းရပ်စ် (COVID- 19)ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူများက ပြည်သူများ (COVID-19)ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် အများပြည်သူများ အလွယ်တကူ သိရှိ လိုက်နာ စေရေး ပညာပေး လှုံ့ဆော်ခြင်းကို ပူးပေါင်းဆောင် ရွက်ခဲ့သည်။