ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိနေသော လားရှိုးမြို့နယ်အတွင်း COVID-19 အဆုတ်ရောင်ကူးစက်ရောဂါ ဖြစ်ပွားလာ ပါက သီးသန့်ထားရှိနိုင်မည့် အဆောက်အဦများ (Quarantine Facility) ကို မတ်လ(၂၅)ရက်နေ့မှ စတင်၍ လားရှိုးမြို့ရှိ အထက(၃)၊ ရပ်ကွက်(၁၂)၌ တည်ရှိသော အုတ်ညှပ် (နှစ်ထပ်) + အုတ်ညှပ် (တစ်ထပ်) (၃၀×၂၄)ပေ အခန်း(၉)ခန်းရှိ နေရာအားလည်းကောင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁)ရှိ အုတ်ညှပ် (နှစ်ထပ်) ၊ နတလသင်တန်းကျောင်းဆောင်၊ (၁၀၀×၃၀)ပေ အခန်း(၄)ခန်း ပါအား လည်းကောင်း လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားကွင်းရှိ အုတ်ညှပ် (တစ်ထပ်) (၂)ဆောင် (၃၀၀×၁၀၀)ပေ (၇၅×၅၀)ပေ အဆောင်အားလည်းကောင်း၊ လားရှိုးမြို့ နေခြည်ကျောင်း ဟောင်း ရပ်ကွက်(၁)ရှိ ပုဂ္ဂလိကပိုင် အဆောက်အဦအားလည်းကောင်း စနစ်တကျ အသုံးပြုနိုင်ရေး အတွက် လားရှိုးခရိုင်၊ စီမံခန့်ခွဲမှုကော်မတီနှင့် လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။