သံတောင်ကြီး၊ မတ် ၂၇
ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအကြား ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက် လမ်းဆုံတွင် လက်ဆေးခြင်းလက်တွေ့သရုပ်ပြပွဲကို ယမန်နံနက်ပိုင်းမှ စတင်ပြီး နေ့စဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စနစ်တကျ လက်ဆေးခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည့်အတွက် ဒေသခံပြည်သူများလက်များကိုစနစ်တကျ ဆေးကြောတတ်ရန် လိုအပ်ကြောင်း ၊နှာချေ ၊ ချောင်းဆိုးပြီးတိုင်း ၊ အပြင်မှ ပြန်လာတိုင်း ၊အများပြည်သူအသုံးပြုနေသည့် ပစ္စည်းများ(ဥပမာ-လှေကား ၊ လက်ရန်း ၊မီးခလုတ်၊တံခါးလက်ကိုင် )တို့ကို ကိုင်တွယ်ခြင်း ၊လူနာကိုစောင့် ရှောက်ခြင်း ၊ အစားအစာများကိုချက်ပြုတ်ခြင်း ၊ အစာမစားမီအချိန်နှင့် အိမ်သာအသုံးပြုပြီးအချိန်တိုင်း ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်အညစ်အကြေးများကို ကိုင်တွယ်ပြီး အချိန်တိုင်းတွင်လက်ကိုစနစ်တကျ ဆေးကြောရန် လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာန မြို့နယ် ဆရာဝန်ဒေါက်တာ စည်သူစန်းကပြောကြားခဲ့သည်။
အဆိုပါလက်ဆေးခြင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ၊ မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်း နှင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ဒေသခံပြည်သူများပါဝင်ပြီး ကျန်းမာရေးဌာနမှ သားဖွားဆရာမ များက လက်တွေ့သရုပ်ပြပြီး တက်ရောက်လာ သူများအား ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ လက်ဆေးစေခဲ့ကြောင်းသိရသည်။
Holy(ပြန်/ဆက်)