နမ့်ဆန်၌ မန္တလေးမြို့မှ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေနှင့် မြို့နယ်တာဝန်ရှိသူများ ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့က မန္တလေးမြို့မှ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်(၆)နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့ တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။