သံတောင်ကြီး၊ မတ် ၂၇
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မပျံ့နှံစေရေး အတွက် ကြိုတင် ကာကွယ်မှုများဆောင်ရွက်သည့်အနေဖြင့် သံတောင်အဝင်နှင့် သံတောင်ကြီးမြို့အဝင် အထွက်ဖြတ်သန်းသွား လာလျက်ရှိသည့် ခရီးသည် ၊ ယာဉ် ၊ဆိုင်ကယ်များအား ကျန်းမာရေး စစ်ဆေးမှုများကို နေ့စဉ် ပြုလုပ်ပေးဆောင်ရွက်လျက်ပေးရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သံတောင်ကြီးဒေသအား(COVID-19)မဖြစ်စေရေး အတွက် လူစုလူဝေး နှင့်ခရီးသွားများ မှဒေသခံများသို့ ရောဂါကူးစက်မှုမရှိစေရေးအတွက် သာမန်ဆောင်ရွက်နေသည့် ကုန်စည်စီးဆင်းမှုများ ကဲ့သို့သောကိစ္စများမှအပ ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှုအား ကန့်သတ်ခြင်း ၊ မြို့ဝင်/မြို့ထွက်များအား အချိန်ကန့်သတ်ခြင်း ၊ပသိချောင်း နှင့် နော်ဘူဘောတောင်ဆုတောင်းတောင်သို့ လာရောက်အပန်းဖြေခြင်း ၊ ရေကူးခြင်း ၊ လူစုလူဝေးပြု လုပ်ခြင်းများအား ကန့်သတ် ခြင်း၊ ပသိချောင်းနှင့် နော်ဘူဘောဆုတောင်းတောင်အား လာရောက် လည်ပတ်မှုများအား ယာယီပိတ်ထားခြင်းတို့အား အထူး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်လော်မူ(ပြန်/ဆက်)