တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၇၀ တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်
တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၇၀ တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖြန်းခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အသီးသီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်နံရံကပ်ဘုတ်များစိုက်ထူခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်အသိပညာပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။