မိုင်းဆတ်မြို့မဈေးရှေ့၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရန် အသိပညာပေးခြင်းနှင့် စနစ်တကျ လက်ဆေးခြင်း လက်တွေ့ပြသ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့မဈေးရှေ့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကာကွယ်ရန် အသိပညာပေးခြင်းနှင့် စနစ်တကျလက်ဆေးခြင်း လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။