ရွာငံ အောက်တိုဘာ ၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)ပထမနှစ်ဝိဇ္ဇာ၊သိပ္ပံနှင့်အေဂျီတီအိုင်သင်တန်းများ၊၂၀၂၅-၂၀၂၆ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်တွင်ပညာသင်ကြားရန်အတွက် လူတွေ့ဖြေဆိုခြင်းကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖြေဆိုရာတွင်ရွာငံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး သတ်မှတ်အရည်အချင်းပြည့်မှီသူများ ဝင်ရောက်ဖြေဆိုကြသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅) နှစ်သင်တန်း ၊အမှတ်စဉ် (၁၃) စာမေးပွဲတွင် မြန်မာစာ ၊အင်္ဂလိပ်စာကို ဖြေဆိုသူ(၆) ဦး ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် ၊ စစ်ကိုင်း) သို့တက်ရောက်ရန် ပထမနှစ်ဝင်ခွင့် စာမေးပွဲတွင် အင်္ဂလိပ်စာ ၊ သင်္ချာ ကိုဖြေဆိုသူ (၄၄)ဦး အသီးသီးဖြေဆိုခဲ့ကြပြီ အောင်စာရင်းများအား လူတွေ့ဆက်လက်ဖြေဆိုလျက်ရှိကြသည်။
မြို့နယ်(ပြန်/ဆက်)