ပန်းတောင်းမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ ကျင်းပ

ပန်းတောင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာရှိ တောင်သူဦးအေးနိုင်၏ လယ်မြေကွင်းအမှတ် (၁၆၈) ဦးပိုင်အမှတ် (၁၉)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများက မိုးစပါးစံပြစပါးကွက်အား စပါးရိတ်ချွေစက်ဖြင့် ရိတ်ချွေနေမှုများနှင့် မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများကို မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဖြင့် ရိတ်သိမ်း၍ တက်ရောက်ကြည့်ရှုကြသည်။

ထို့နောက် မိုးစပါးစံပြအထွက်နှုန်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိုးစပါးစံပြကွက်ကိုရိတ်သိမ်းရာ တစ်ဧက အစိုတင်း (၁၂၇)တင်း၊ အခြောက်တင်း(၁၁၇)တင်း ထွက်ရှိကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)