မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း တိမ်ကောပပျောက်မှုမရှိစေရေး ယွန်းလုပ်ငန်းရှင်များ ထိန်းသိမ်းထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ မြင်းမြီးဖြင့်ပြုလုပ်သည့် (ရက်လုပ်)ယွန်းထည်လုပ်ငန်း တိမ်ကောပပျောက်မှု မရှိစေရန်အတွက် ပုဂံမြို့ ယွန်းလုပ်ငန်းရှင်များက ထိန်းသိမ်းထားရှိ လုပ်ကိုင်လျက်ရှိကြောင်း ဦးဘငြိမ်းယွန်းထည်လုပ်ငန်း၏ စတုတ္ထမျိုးဆက်ခံသူ ဦးအောင်ကျော်ထွန်းထံက သိရသည်။

တွံတေးမြို့နယ်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူလှည့်လည် ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် မြို့တွင်း နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေလယ် ၂ နာရီအချိန်က ရွှေဆံတော်စေတီရှိ ဘဏ္ဍာတော်ထိန်းဂေါပကရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေး‌ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းမကြီးများ၊ လမ်းဘေးပလပ်ဖောင်းများပြုပြင်‌နေမှုနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးပလပ်ဖောင်းနှင့် ‌လမ်း‌ဘေး‌ဝဲယာသန့်ရှင်းသာယာလှပ‌ရေး ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထုတ်မြောင်းများ စနစ်တကျဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အမြန်ပြီး‌စီးစေရေးအတွက် လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီ‌‌အောင်အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲတို့အား အဆိုပါ ကျောင်း သီရိသုဝဏ္ဏပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်​ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ (၁၇)ရက်၊ ညနေ(၃)နာရီခွဲကတောင်ကြီးမြို့၊ စန်းစန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျပြုစုပြီးစီးရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည့်ရှုစစ်ဆေး

မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျပြုစုပြီးစီးနိုင်ရေးဆောင်ရွက်နေမှုကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သန်လျင်၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု ပျဉ်ထောင်ကျောင်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ (ပဲခူး)တို့မှ ပူးပေါင်းကွင်းဆင်းဆေးကုသ

ပဲခူးတိုင်း‌‌ဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အမှတ်(၇)စက်ကွင်းရပ်ကွက်၊ သီရိမင်္ဂလာပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးစီး၍ စတုတ္ထအကြိမ်မြောက်ဆေးကုသမှု ဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ   ဦးခင်‌မောင်ကျော်နှင့်အဖွဲ့ဝင်များသည် မဲစာရင်းမှန်ကန်‌ရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  တွေ့ဆုံကြောင်း သိရသည်။
Subscribe to