နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေး‌ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းမကြီးများ၊ လမ်းဘေးပလပ်ဖောင်းများပြုပြင်‌နေမှုနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်‌ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးပလပ်ဖောင်းနှင့် ‌လမ်း‌ဘေး‌ဝဲယာသန့်ရှင်းသာယာလှပ‌ရေး ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထုတ်မြောင်းများ စနစ်တကျဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အမြန်ပြီး‌စီးစေရေးအတွက် လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီ‌‌အောင်အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူမျးမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ လမ်းမကြီး ဘေးဝဲယာသန့်ရှင်းသာယာလှပရေးနှင့် ကြာကန်ပတ်လည် ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာစိမ်းလန်းစိုပြေရေးအတွက် ပန်းအလှပင်များစိုက်ပျိုးသွားရန်၊ ကြာကန်ပတ်လည် ပြုပြင်ခြင်းလုပ်ငန်းတွင် လုပ်ငန်းများ အမြန်ပြီးအောင် လုပ်သားအင်အားတိုးချဲ့ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များမှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးပလပ်ဖောင်းများနှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေးနှင့် လမ်းဘေးရေစီး ရေလာကောင်းမွန်စေရေးအတွက် လမ်းဘေးရေနုတ်မြောင်းများ စနစ်တကျပြန်လည်တူးဖော်ရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ပန်းအလှပင်များစိုက်ပျိုးရေး၊ မြေထိန်းနံရံများအား ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)