ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့(အခမဲ့) ဆောင်ရွက်

ငါန်းဇွန်  အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှေုာက်မှုများအခမဲ့ ဆောင်ရွက်ပေးသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ဆေးရုံ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၅၉)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ဆေးဝါးနှင့်ကုသခြင်းကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

  ကိုကိုနိုင်(ပြန်/ဆက်)