ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ မရမ်းကုန်းခရိုင်တွင် ကျင်းပ

မရမ်းကုန်း အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်အနောက်ပိုင်း ခရိုင်လူမှုဝန်ထမ်းရုံး၏ ပဋိပက္ခအတွင်း လိင်ပိုင်ဆိုင်ရာအကြမ်း ဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်ထည်ဖော်မှု၊ တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ခရိုင်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်ထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်း အရာများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် ခရိုင်အဆင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

(မြို့နယ်ပြန်ဆက်)