ညောင်ဦး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပန်းချီ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ကျောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး ပန်းချီ၊ကဗျာ၊ကာတွန်းပြိုင်ပွဲများအား ညောင်ဦးမြို့ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကာ အခြေခံပညာအလယ်တန်းဆင့်၊ အထက်တန်းဆင့်ကျောင်းသားကျောင်းသူများပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းသားကျောင်းသူ ၁၀၂ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဒီပါလင်း