ကသာမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များရှိ/ မရှိ (တတိယအကြိမ်) ကွင်းဆင်းစစ်ဆေး

ကသာ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များရှိ/ မရှိ(တတိယအကြိမ်)ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၂၁ ရက်န့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။

ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များက အမှတ်(၁) အခြေခံပညာအထက်ကျောင်း၊ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄)ချက်ပါဝင်သည့် ကျောင်းအခြေအနေနှင့် လိုက်‌လျောညီထွေမှုရှိသည့် လုပ်ငန်းစဉ်များ၊ ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းများ၊ ရေနှင့်စွမ်းအင်ချွေတာ သောအလေ့အကျင့်ကောင်းများ၊ စည်းကမ်းချက်များ၊ ကျောင်းမြေ နေရာရရှိမှု အပေါ်မူတည်ပြီး အမျိုးအစားစုံလင်သောအပင်များဖြင့် စိမ်းလန်းစိုပြည်သော ကျောင်းပတ်ဝန်းကျင်နှင့် နှစ်ရှည်၊ နှစ်တို သီးပင်စားပင်၊ ပရဆေးပင်၊ ပန်းပင်၊ ရာသီပေါ်သီးနှံပင်များ၊ စွန့်ပစ်အမှိုက်အား အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်မှုအခြေအနေများ၊ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများကို ဒေသတွင်းရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကိုလည်း ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။ ကသာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဆိုပါလုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေသော အခြေခံပညာကျောင်းများအား တစ်ကျောင်းလျှင်ငွေကျပ် (တစ်သိန်း)စီလှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကသာခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)