ငါးသိုင်းချောင်း အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) အိတ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား အာဆီယံနိုင်ငံများမှ ထောက်ပံ့သည့် ဆန်နှင့်တစ်ကိုယ်ရေသုံးပစ္စည်းများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)အိတ်၊ ၃ ယောက်နှင့်အထက်အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရေသုံးပစ္စည်း (၂) ပုံးနှုန်းဖြင့် ငါးသိုင်းချောင်း မြို့ပေါ်နှင့် ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)
