ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲရေး နည်းပညာပေးဆွေးနွေး

ကျောင်းကုန်း အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တံခွန်တိုင်အုပ်စု၊ တံခွန်တိုင်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်က ပြည်ပပို့ကုန်သီးနှံများဖြစ်သည့် ဆန်၊ ပဲတီစိမ်းနှင့် မတ်ပဲများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ မပါရှိစေရေးအတွက် ပိုးသတ်ဆေးကို စနစ်တကျကိုင်တွယ်အသုံးပြုနိုင်စေဖို့ ယခုလိုနည်းပညာပေးပို့ချပေးခြင်းဖြစ်ကြောင်း ‌ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါနည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှူတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ တံခွန်တိုင်၊ ဗြိုက်၊ ဇရပ်ကွင်း၊ကညင်သုံးဆင့်၊ ကိုင်းတာကျေးရွာများမှ တောင်သူ (၄၇) ဦးတို့ တက်ရောက်ခဲ့ပြီး၊ သိရှိလိုသည်များ မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေး‌နွေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)