တွံတေး အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကလီထော်-ရေကျော်-တွံတေး-လှိုင်သာယာလမ်းမကြီးပေါ်တွင် (၁၂) m ကွန်ကရစ်တံတား (၁) စင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သန်လျင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ) ၊ အရည်အသွေးစစ်ဆေးရေးတာဝန်ခံတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သတင်းရရှိသည်။
အဆိုပါကလီထော်-ရေကျော်-တွံတေး-လှိုင်သာယာလမ်းမကြီးပေါ်တွင် (၁၂)m ကွန်ကရစ်တံတားတည်ဆောက်ခြင်းအားဖြင့် အကျိုးပြုကျေးရွာသုံးရွာမှ လူဦးရေ ၃၃၅၇ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။
မျိုးလှိုင် တွံတေး