မုံရွာတက္ကသိုလ်၌ သုတေသနစကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မုံရွာ အောက်တိုဘာ ၂၄

မုံရွာတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ သုတေသနအတွေ့အကြုံများကို မျှဝေခြင်းဖြင့် သုတေသနလုပ်ငန်းစဉ်ကို လက်တွေ့ ကျကျ နားလည်စေရန်၊ မတူညီသော ဘာသာရပ်များကြား (Interdisciplinary) ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန်၊ တက္ကသိုလ်အတွင်း သုတေသနဆောင်ရွက်ချက်များ စိတ်ဝင်စားမှုကို လှုံ့ဆော်နိုင်ရန် ရည်ရွယ်ပြီး သုတေသနစကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဝင်းက ယခုဆွေးနွေးပွဲသည် သုတေသနပညာရပ်အပေါ် ဘက်စုံမှ အမြင်အသစ်များကိုဖလှယ်နိုင်စေပြီး၊ သုတေသနလုပ်ငန်းများ၏ အဆင့်ဆင့်တိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည့်အလားအလာအသစ်များကို ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် အားလုံး အလေးထား ဆွေးနွေးပေးကြစေကြောင်း တိုက်တွန်း အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်ပြီးသုတေသနစကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာမုံရွာတက္ကသိုလ်မှဝိဇ္ဇာဘာသာရပ်များကိုယ်စားပြု ဒေါက်တာသီတာထွန်း ပါမောက္ခ(ဌာနမှူး) နိုင်ငံတကာဆက်ဆံရေးပညာဌာန ဦးဆောင်သော ဆရာကြီး၊ ဆရာမကြီးများက Myanmar's Policy towards the United states (2011-2016) ခေါင်းစဥ်ဖြင်လည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စားပြု ဒေါက်တာအောင်ခင်စိုး ပါမောက္ခ(ဌာနမှူး) ဘူမိဗေဒဌာန ဦးဆောင်သော ဆရာကြီး၊ ဆရာမကြီးများက Petrogenetic Interpretation Based on Petrographic Characters of Metacarbonate Rocks exposed in Yedaguntaung hill area, Putheingyi Township, Mandalay Region ခေါင်းစဥ်ဖြင်လည်းကောင်း အသီးသီးစကားဝိုင်းဆွေးနွေးခဲ့ကြပြီး သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သုတေသနစာကားဝိုင်း ဆွေးနွေးပွဲသို့ မုံရွာတက္ကသိုလ်ရှိ ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဝင်းနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်အလိုက် (ဌာနမှူးများ) ကထိကများ၊ လက်ထောက်ကထိကများ၊ ဆရာ ဆရာမများနှင့် စိတ်ပါဝင်စား သူများ စုစုပေါင်း (၄၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)