မြိတ် နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ တူယှဉ်နွှဲပျော် တန်ဆောင်တိုင်ပွဲတော်ကို မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေကော်မတီမှကြီးမှူး၍ ယမန်နေ့ ညနေ(၅)နာရီခွဲက ကမ်းနားလမ်းတွင် ရောင်စုံမီးအလှများဖြင့် မိုးပျံပူဖောင်းများနှင့် မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပသည်။
တူယှဉ်နွဲပျော် တန်ဆောင်တိုင်ပွဲတော်ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ခရိုင်/မြို့နယ် ဌာနဆိုင်ရာ၊ ပြည်သူများ၊ ကျောင်းသား/သူများနှင့်အတူ မိုးပျံပူဖောင်းများ၊ မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းဖြင့် တန်ဆောင်တိုင် ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီး ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုအားပေးကြသည်။
မြိတ်မြို့၏ တူယှဉ်နွဲပျော် တန်တောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ (၂) ရက်မှ (၄) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ မြိတ်ဒေသအစားအစာ မုန်ဆိုင်များအပါအဝင် ဈေးဆိုင်ခန်းများစွာ ရောင်းချကြပြီး တန်ဆောင်တိုင် ကာလပွဲတော်ရက်များအတွင်း ရောင်စုံမီးအလှများဖြင့် ညစဉ် မြိတ်မြို့နယ် ဂီတအစည်းအရုံးမှ မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )