တိုက်ကြီး နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ စုပေါင်း၍ (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ကထိန်လျာဉာတ်သင်္ကန်းနှင့် အခြံအရံပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်းကို တန်ဆောင်မုန်းလပြည့်နေ့နံနက် ၅ နာရီတွင် မြို့လယ်ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်၌ ဆက်ကပ်ပူဇော်ပြီး မြို့မဈေးရှေ့ဗဟိုမဏ္ဍပ်၌ အပူဇော်ခံထားရှိသည့် ပဒေသာပင်များကို နံနက် ၇ နာရီတွင် ဘုရားလေးလမ်းမုဒ်ဦးမှ ပြည်လမ်း၊ တောင်မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း၊ ဆေးရုံလမ်း၊ ပြည်လမ်းသို့ စည်ကားသိုက်မြိုက်စွာလှည့်လည်ပြီး မိမိတို့မဲပေါက်ရာ ဘုန်ကြီးကျောင်းများသို့ သွားရောက်ပို့ဆောင်မည်ဖြစ်ပြီး (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ပဒေသာပင်နှင့် အရံပဒေသာပင် ၇၅ ပင် ပါဝင်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)