အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအတွင်း (၁၀၅)နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ပြည်နယ်ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နန်းကွေ့ချောင်းပေါ်၌ တာဝန်ယူတည်ဆောက်ပေးခဲ့ပြီး နန်းကွေ့ကျေးရွာနှင့် မော်ဖောင်းကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် (၃၂၄)ပေရှိ နန့်ကွေ့ ကွန်ကရစ် တံတားသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နန်းကွေ့ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ တံတားသစ်ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်ဒွဲဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ ကျေးရွာအတွင်း နေထိုင်လျက်ရှိသော လော်ဝေါ်၊ လာချိဒ်၊ လီဆူနှင့် ရဝမ်တိုင်းရင်းသားများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြကာ လော်ဝေါ်ရိုးရာ အကအလှများ၊ တံတားသစ်ဖွင့်ပွဲဂုဏ်ပြုတေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများသည် ကျေးလက်ဒေသများအတွင်း သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံသည့်အတွက် ကျေးလက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည့် အဓိကအရေးကြီးသည့် အခန်းကဏ္ဍအဖြစ် မှတ်ယူ၍ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် တံတားသစ်သည့် မော်ဖောင်း ကျေးရွာအုပ်စုအတွင်းရှိ ဥယျာဉ်ခြံမြေများနှင့် လယ်မြေဧက စုစုပေါင်း (၆၂၃)ဧကသို့ သွားရောက်နိုင် မည့်အပြင် ပမ္မတီး-ပြည်ထောင်စုလမ်းနှင့်လည်း ချိတ်ဆက်ပြီးသွားလာနိုင်မည်ဖြစ်သည့်အတွက် လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက် လူနေမှုဘဝကွာခြားမှုကို လျှော့ချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေးကို အစဉ်ရှေးရှုပြီး ပြည်သူများနှင့်အတူ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တံတားသစ်ဖွင့်ပွဲအတွက် သိက္ခာတော်ရဆရာ ဦးဂမ်အောင်က ကျေးဇူးတင်စကားနှင့် ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးပြီး ဒေသခံရပ်မိရပ်ဖများက တံတားသစ်ရရှိသည့်အတွက် ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ထံ ရိုးရာမဂွန်းရှလစ် (သစ်သီး ပလိုင်း)ကို ဂါဝရပြုလက်ဆောင်အဖြစ်ပေးအပ်ကြသည်။

ယင်းနောက် တံတားသစ်ကို ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးနှင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နန်းကွေ့ချောင်းပေါ်တွင် တည်ဆောက်ထားသည့် နန်းကွေ့တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အခမ်းအနားတက်ရောက်လာကြသည့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တံတားသစ်အား ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့်အတူ ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာနေ လော်ဝေါ်၊ လာချိဒ်၊ လီဆူ၊ ရဝမ်တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဗမာတိုင်းရင်းသားတို့က ရိုးရာတေးသီချင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အကအဖွဲ့များအတွက် ချီးမြှင့်ထောက် ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ တံတားသည် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် (၁၂၇၅ ဒဿမ ၉၀၀)သန်းဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားပြီးစီးပြီဖြစ်သဖြင့် နန်းကွေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအနေဖြင့် ယခင်က ၎င်းတို့၏ လယ်ယာ၊ ဥယျာဉ်ခြံမြေလုပ်ကိုင်နိုင်ရန်အတွက် လှေဖြင့် သွားလာခဲ့ရာမှ ယခုတွင် ဆိုင်ကယ်၊ သုံးဘီး၊ ကားတို့ဖြင့် ဖြတ်သန်းသွားနိုင်မည်ဖြစ်သည့်အပြင် ပမ္ပတီး-ပြည်ထောင်စုလမ်းမကြီးနှင့်လည်း ချိတ် ဆက်၍ မြစ်ကြီးနားမြို့၊ ပြည်ထောင်၊ မလိခကျေးရွာများသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဗဟိုအကြံပေးအဖွဲ့ဝင်‌ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်းကွေ့ကျေးရွာအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အုတ်ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးထွန်းအောင်ကြည်နှင့်ဒေါ်ရင်ရင်သောင်းတို့၏ (YYY) ဝိုင်သုံးလုံး အဆင့်မြင့်အုတ်ရောင်းဝယ်ရေးလုပ်ငန်းစက်ရုံသို့ သွားရောက်ပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများသည် အမှတ်(၁) တပ်မတော်ဆေးရုံ ခုတင်-၃၀၀ ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းပေးနေကြ သည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ခွန်အား ဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဗဟိုအကြံပေးအဖွဲ့ဝင်က တပ်မတော်ဆေးရုံအတွက် ချီးမြှင့်ငွေကျပ်သိန်း (၃၀) ကို ထောက်ပံ့ပေးအပ်ပြီး သွေးလှူရှင်များအား ဆေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုများနှင့် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နေ့လယ်စာထမင်းဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်