ကျောက်တန်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ (၂) ရုံ ဩဂုတ်လအတွင်း တည်ဆောက်မည်

 ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်သည်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများလည်း မြင့်တက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်  လိုအပ် လျက်ရှိသော အောက်ဆီဂျင်ရရှိရေးအတွက်  ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး အလှူရှင်များမှအလှူငွေများနှင့်Oxygen Plant (၁)စုံ လှူဒါန်းခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ​ပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးမှုကိုမြို့နယ် အတွင်း  ကျောင်း တိုက်များမှ   သံဃာတော်များ၊   သီလရှင်များအား  ယနေ့နံနက်၉နာရီမှစတင်ကာ ပြည်နယ်ခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 

ဘားအံမြို့၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ဘားအံခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်းအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ ပူးပေါင်းပါဝင်လိုက်နာရမည့် အချက်များ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြောက်ပိုင်းရပ်ကွက် လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး စည်းကမ်း ချက်များနှင့်အညီ   ပင်စင်လစာများ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင် ဖြူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)မှ  အငြိမ်းစားဝန်ထမ်း များ၏  ပင်စင်လစာများကို အချိန်နှင့်တပြေးညီ ပုံမှန်ထုတ်ယူနိုင်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ လူဦးရေးကန့်သတ်ဖြင့် ယနေ့အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် တိုင်းကျန်းမာရေးဦးစီးဌာနသို့  Oxygen Concentrator များ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ -၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနသို့  Oxygen Concentrator များလွှဲပြောင်းပေးအပ်ပွဲ ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ  တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  ဦးရဲမြင့် က Oxygen Concentrator 10 L (၅၀)လုံး အား ပေးအပ်ရာ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း က လက်ခံရယူပြီး တိုင်းဒေသကြီး အတွင်းဖြန့်ခွဲဆောင်ရွက်မည့်အစီအမံများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ရေဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌ ကျော်မိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်

ကာကွယ်ဆေးထိုးခြင်းကြောင့်  အသက်အန္တရာယ်ကို ကာကွယ်နိုင်သဖြင့် ကာကွယ်ဆေး ထိုးကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ် "

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွား (၁၀၀၀)ဦးအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွား (၁၀၀၀)ဦးအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to