ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ ၈၂ ဦးစစ်ဆေးရာမှာ ၂၁ ဦးထံမှ ရောဂါပိုးတွေ့ရှိ
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင် များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၈၂)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ (၂၁)ဦးထံမှ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။