ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ အ-ထ-က(လှည်းကူး)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များကို တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမကြိမ် ထိုးနှံပေးနေမှုများကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ခွဲက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။