ကော့သောင်းမြို့တွင်  အသက်(၆၅)နစ်အထက်သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကော့သောင်း  ဇူလိုင် ၃၁

   တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့နယ်တွင် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်(၁၁) နာရီက  ကော့သောင်းမြို့၊ ဘိုးဘွားရိပ်သာ၌ စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက  တရုတ် နိုင်ငံ ထုတ် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးSinopharmကိုပထမအကြိမ် ထိုးနှံပေးခြင်းဖြစ် သည်။ ကော့သောင်းမြို့သို့ တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm (၂၁၅၀)လုံးကို ရရှိသဖြင့် တစ်လုံးလျှင်လူ(၂)ဦးနှုန်းဖြင့် စုစုပေါင်း(၄၃၀၀)ဦးအား ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်၊

  အဆိုပါကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပေးသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (ကေ့သောင်း) စစ်ဗျူ ဟာမှူး၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှူအားပေးခဲ့ကြပြီး လိုအပ်သည်များ ကို ပံ့ပိုးလမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်၊

  ကျော်စိုး (ကော့သောင်း)