ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၆၁) ဦးအား နွေးထွေးစွာကြိုဆိုလက်ခံ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ(၆၁)ဦးကို ယနေ့နံနက် (၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြေပြိုမှုဖြစ်ပွား 

 တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယမန်နေ့ နံနက်ပိုင်းက ရွှေဇင်ယော်ရပ်ကွက် တောင်ပတ်လမ်း လမ်းပုခုံးမြေသားများ ပြိုကျမှုဖြစ်ပွား ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်ရှိ အသက်(၆၅)နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီကစတင်ပြီး တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့၌ အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးစားပေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရဟန်းသံဃာများနှင့် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Vero Cell) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမြင့်မားနေချိန်တွင် ကာကွယ်ဆေးထိုးနှံခွင့်ရသည့်အတွက် သက်ကြီးဘိုးဘွားများမှ ကျေးဇူးတင်စကားပြောကြား

“ အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမြင့်မားနေချိန်မှာ  အသက်အရွယ်ကြီးရင့်တဲ့ အမေတို့အနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့အတွက် နိုင်ငံတော်အစိုးရကို အရမ်းဘဲကျေးဇူးတင်တယ် ” ဟု ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဇူလိုင်လ ၃၀ ရက်နေ့က ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အမှတ်(၂)ရပ်ကွက်မှ အသက် ၆၆ နှစ်အရွယ်ရှိ အမေဒေါ်ဆန်းတင့် က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံ-ကိုးရီးယား ရန်ပုံငွေဖြင့် မေယု FM Radio များအား ထောက်ပံ့ပေးအပ်

မြန်မာနိုင်ငံက အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက်  အစီရင်ခံစာ အရ နေရပ်စွန့်ခွာသူများအားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၏ ဦးစားပေးစီမံကိန်း (၇)ခု အနက် ရခိုင်ပြည် နယ် အတွင်းရှိ ဘင်္ဂလီဘာသာစကားအသုံးပြုသူများအား မေယု FM ရေဒီယို အစီအစဉ်များကို နားဆင်နိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိပါသည်။

ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းနိုင်ရေး အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းပိုင်းခရိုင်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်၌ လတ်တ လောတွင် ကူးစက်မှု လျင်မြန်စွာဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းတွင် ကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေ မှ လောက်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများလာရောက်၍  ကိုဗစ်−၁၉  ကာကွယ်ဆေးထိုးနှံမှုအားကွင်းဆင်း ကြည့်ရှု

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ယမန်နေ့ နံနက်၉ နာရီ အချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လောက်ကိုင် မြို့နယ် ပြည်သူ့ဆေးရုံ၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများလာရောက်၍  ကိုဗစ်−၁၉  ကာကွယ် ဆေးထိုးနှံမှုအားကွင်းဆင်း ကြည့်ရှုကာ နွေးထွေးစွာ  အားပေးစကားပြောကြားသည်။

ဝါးခယ်မမြို့နယ်တွင် အောက်စီဂျင်အိုး (၄၀)လီတာ(၃၆)လုံး လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ဝါးခယ်မပြည်သူ့ဆေးရုံ၊ ရွှေလောင်း တိုက်နယ်ဆေးရုံနှင့် ကျွန်းကုန်းကျေးရွာ/အုပ်စု  ကျေးလက်ကျန်းမာရေးဌာနသို့    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်၅:၄၀နာရီခန့်က အောက်စီဂျင်အိုး (၄၀)လီတာ (၃၆)လုံးလှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to