ဇလွန် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများအတွက် နေ့လည်စာ ထမင်းဘူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အောက်စီဂျင်အိုးများနှင့် PPE ဝတ်စုံတို့ကို ယမန်နေ့နံနက် ၁၁ နာရီ ခွဲအချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ ဗိုလ်မှူး ဝင်းလွင်ဦးနှင့်အဖွဲ့ဝင်များက ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက လှူဒါန်း သော ထမင်းဘူးများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့်ကိုဗစ် စင်တာများသို့ သွားရောက် လှူဒါန်းခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလှူဒါန်းသော 40 L အောက်ဆီဂျင်အိုး ငါးအိုးနှင့် PPE ဝတ်စုံ (၅၀)စုံတို့ကိုမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူများထံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေယံ