မိုင်းငေါ့မြို့တွင် အသက်(၆၅)နှစ်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန တွင်ဆောင်ရွက်ခဲ့ပါသည်။

ဒေးဒရဲမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအားစုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇူလိုင်လ ၂၉ ရက်နံနက် ၈ နာရီက  စတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် ၈နာရီက ဆေးထိုးစုရပ်( ၃ ) နေရာတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း

မိုင်းဆတ်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု၊ Oxygen Plant တည်ဆောက်မည့် အခြေအနေနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တွေ့ဆုံမေးမြန်းထားပါသည်-

တာမွေမြို့နယ်တွင် အောက်ဆီဂျင်ဓာတ်ငွေ့များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ မရရှိမှု ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း အောက်ဆီဂျင် ဖြန့်ဖြူးပေး နိုင်ရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် လူမှုကူညီရေး အသင်းဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့် (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုးများကို အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့၌ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးပေးသည့် ဒုတိယမြောက်နေ့တွင် ဆေးလာရောက်ထိုးနှံသူများပြား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်ကစ၍ မြို့ကျက်သရေဆောင်ခန်းမနှင့် အမှတ် ၈ ရပ်ကွက်ရှိ ကွန်ဖြူးရှပ်ကျောင်းတို့၌  စုရပ် ၂ နေရာခွဲ၍ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး‌နေ သည့် ဒုတိယမြောက်နေ့တွင် ဆေးလာရောက်ထိုးနှံသူ များပြားကြောင်းသိရသည်။

ရေဖြူမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်း စုရပ် (၃) နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား စုရပ်များတွင် ဩဂုတ် (၁)ရက် နေ့နှင့်(၂)ရက်‌​နေ့၊ နံနက် (၈)နာရီမှ နေ့လည်(၂)နာရီအထိ လူမျိုးဘာသာမရွေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့၌အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်ပြီး ထိုးနှံပေးလျက်ရှိသည်။

လာအိုနိုင်ငံ ရွှေတြိဂံ အထူးစီးပွားရေးဇုံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သား ၃၁ ဦးအား နေရပ်ဒေသ အသီးသီးသို့ ဆက်လက်ပို့ဆောင်

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေဇုံ၊ မိုင်းမောဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာလုပ်သား ၃၁ ဦးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ယမန်နေ့ညနေ ၄ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား မူလနေရပ်အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့၌ PPE ၀တ်စုံစနစ်တကျ၀တ်နည်း၊ ချွတ်နည်း၊ တို့ဖတ်ယူနည်း ကျွမ်းကျင်မှုအတွက် သင်တန်း (Training) ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ Volunteer စေတနာ့၀န်ထမ်းများအား PPE ၀တ်စုံစနစ် တကျ၀တ်နည်း၊ ချွတ်နည်း၊ တို့ဖတ်ယူနည်းကျွမ်းကျင်မှုအတွက် သင်တန်း(Training)ကို ဇူလိုင် (၃၁)ရက်နေ့ နံနက်(၁၀)နာရီအချိန် မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမ၌ ဖွင့်လှစ်သည်။

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မြိတ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းသော အောက်ဆီဂျင် အိုးများ ရောက်ရှိလက်ခံ လွဲပြောင်းပေးအပ်

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မြိတ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့သည့် အောက်ဆီ ဂျင်အိုးများ ဇူလိုင်လ(၃၀)ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး အဆိုပါ အောက်ဆီဂျင်အိုးများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to