နမ့်စန်တွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် (၆၅)နှစ် နှင့်အထက်သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

နမ့်စန်()     ဇူလိုင်  ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလုံးဝ မထိုး ရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀  နာရီက မြို့မအခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)ရပ်ကွက် ဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)  ထိုးနှံခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့ပြင် မြို့ပေါ်ရပ်ကွက်(၅)ခုမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း ၃၉ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး နမ့်စန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို ဦးစားပေးသတ်မှတ်ချက်အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးအစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် ပြည်သူများထံ အသိပေးဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)