လှည်းကူး ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးနှံပေးရာသို့ ဆေးထိုးရန်လာရောက်သူများကို ရောဂါကူးစက်မှုမဖြစ်ပွါးစေရန်အတွက် တစ်ဦးနှင့်တဦး ၆ ပေအကွာဖြင့် တန်းစီဝင်ရောက်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ဆေးထိုးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်းများကို ကြည့်ရှုအားပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများကို လိုအပ်သည်များလမ်းညွှန်မှား ကြားခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် လှည်းကူးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ဆေးရုံကြီးတွင် အများအကျိုးဆောင်ရွက်နေသည့် Volunteer များ၊ မြို့နယ်အတွင်းရှိ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ စုစုပေါင်း ၂၅၇ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းသိရပြီး မြို့နယ်အတွင်းရှိ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူများ စသည့် ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးထိုးပေးနိုင်ရန် စာရင်းကောက်ယူလျက်ရှိပြီး ဆေးရရှိပါက သြဂုတ်လ ပထမပတ် အတွင်းစတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်