သထုံ ဇူလိုင် ၃၁
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က သထုံခရိုင် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ အတွက် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များထံ အဟာရဖြည့်အစားစာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ရှင်းလင်း တင်ပြခဲ့မှု အပေါ် လိုအပ်များကို လမ်းညွှန်မှာကြား ခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသတို့သည် သထုံမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် Flow Meter များ၊ PPE ဝတ်စုံများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ဆောင်ရွက်နေကြသည့် တပ်မတော် ဆေးသမားတော်တော်များ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတ လူမှုကူညီရေးအဖွဲ့များထံသို့ လိုအပ်သည်များကို ကူညီထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်မှုအနေဖြင့် သထုံခရိုင်အတွင်း ကိုဗစ်-၁၉ ပို့တွေ့လူနာများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် အရေးပေါ် အောက်ဆီဂျင် လုံလောက်မှုရှိနိုင်ရန် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကာ စက်ရုံအဆောက်အဦနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း၊ ပိုက်လိုက်များသွယ်တန်းခြင်းအပါအဝင် အခြားလိုအပ်သည်တို့ကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် အများ၊ ပြည်သူထည့်ဝင်လှူဒါန်းခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)