လှည်းကူး သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များက အလှူငွေနှင့် ရောဂါ ကုသ၊ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် (မင်္ဂလာမိုး)ကမ္မဏီက အောက်ဆီဂျင် တိုင်းစက် Oximeter များ လာရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့ထံက သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ဦးကျော်ခိုင် (မင်္ဂလာမိုးကုမ္မဏီ)က အောက်ဆီဂျင်တိုင်းစက် Oximeter အခု(၅၀)ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဇော်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။
လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့၊ အောက်စီဂျင်ထောက်ပံ့ ရေးအဖွဲ့များကို ဖွဲ့စည်းပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ပရဟိတအဖွဲ့များ၊ လူမှုရေးအ သင်းအဖွဲ့များနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်၊ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
ကျော်ကျော်