တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဦးစားပေး အစီအစဉ်လိုက်ဆက်လက် ထိုးနှံ

 

တန့်ဆည် ဩဂုတ် ၁၉

တန့်ဆည်မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့ နံနက်(၈)နာရီက စတင်၍ ဦးစားပေးအစီအစဉ်လိုက် မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်း၊ သံဃာ၊ သီလရှင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ ဈေးသည်များအား လူမျိုးမရွေး ဘာသာမရွေး ဆေးရရှိတဲ့အပေါ် မူတည်ပြီး ထိုးနှံပေးလျက်ရှိပါတယ်။ကိုဗစ်-၁၉ရောဂါဟာ အများနဲ့ဆိုင်တဲ့ ရောဂါဖြစ်လို့ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပူးပေါင်းပါဝင်ပြီး လာရောက်ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်၊ ဆေးထိုးရာမှာ လူစုလူဝေးမဖြစ်စေရေးအတွက် စာရင်းရေးသွင်းရန် နေရာ(၄)နေရာ၊ ဆေးထိုးအဖွဲ့(၄)ဖွဲ့ခွဲပြီး ဆောင်ရွက်ပေးလျှက်ရှိပါတယ်"ဟု မြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်တစ်ဦးကပြောပြသည်။

တန့်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အလုံး(  ၅၀၀ )လူဦးရေ ၁၀၀၀ကို သြဂုတ်လ ပထမပတ်တွင်လည်းကောင်း၊ ဒုတိယပတ်တွင်လူဦးရေ ၁၀၀၀ကိုလည်းကောင်း၊ ယခုအကြိမ်တွင် လူဦးရေ ၁၀၀၀ ကို ဦးတည်အုပ်စုအလိုက် ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှသိရသည်။

မြို့နယ်ပြန်/ဆက်