ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာစျေးရှေ့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းသရုပ်ပြ အခမ်းအနားကျင်းပ

ဘူးသီးတောင်   ဇန်နဝါရီ  ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာစျေးရှေ့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းသရုပ်ပြ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြသည်။

ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သတ်၍ အသိ ပညာပေး ရှင်းလင်း ပြောကြားသည်။

ထို့နောက် မီးငြှိမ်းသတ်နည်းဖြစ်သော အောက်ဆီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်နည်း(ဖုံးအုပ်)၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြု လေ့ကျင့်ပေးခြင်းနှင့် မီးငြှိမ်း သတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းများ မြို့မစည်ပင်သာယာစျေး၌ သရုပ်ပြသခြင်း ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စျေးသူ/စျေးသားများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

လှကျော် ( ပြန်/ဆက်)