ဟိုပုံးမြို့နယ်တွင် ဈေးဆိုင်များ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ဟိုပုံး ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့မဈေးနှင့် မြို့တွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေး ဆောင်ရွက်ရာတွင် ဟိုပုံးမြို့အတွင်းရှိ မြို့မဈေး၊ပျံကျဈေး၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ ကားဂိတ်များ အစရှိသည့်  ဈေးဆိုင်ခန်းများအား ယမန်နေ့မှစ၍ စနစ်တကျပုံမှန် ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာ များက လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)